ကလပ်အသင်းတော်တော်များများရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့ တိုင်းရစ်ဂျော့
တိုင်းရစ်ဂျော့ ဆိုတဲ့ ကော့ဟမ်း အကယ်ဒမီ ထွက်ကစားသမားလေးကတော့ မနှစ်ကဘောလုံးရာသီကတည်းက အန်ဇိုမာရက်စကာ ရဲ့ လက်အောက်မှာ ကွန်းဖရင့်လိဂ် ပွဲစဥ်တော်တော်များများ နဲ့ ပြည်တွင်းဖလားပွဲစဥ်တစ်ချို့မှာ ပွဲကစားချိန်တော်တော်များများ ရရှိထားတဲ့ ကစားသမားတစ်ဦးပဲဖြစ်ပါတယ် ။ ဒါပေမယ့် ချဲလ်ဆီး အသင်း တာဝန်ရှိသူတွေအနေနဲ့ တိုင်းရစ်ဂျော့ ကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလတုန်းက ရောင်းချဖို့အတွက်စီစဥ်ခဲ့ကြတယ် ။ အဲ့ချိန်ကတည်းက တိုင်းရစ်ဂျော့ ကို ဖူဟမ် ၊ ရိုးမား အပါအဝင် အခြားအသင်းတော်တော်များများက ခေါ်ယူဖို့အတွက် နီးစပ်ခဲ့ကြတယ် ။ အပြောင်းအရွှေ့ကာလမပိတ်သိမ်းမှီ နောက်ဆုံး Dead Line Day မှာ ဖူဟမ် အသင်းက တိုင်းရစ်ဂျော့ ကို ချဲလ်ဆီး အသင်းထံကနေ ပေါင် ၂၅ သန်း နဲ့ အရခေါ်ယူနိုင်ခဲ့ပေမယ့် ဘာအကြောင်းကြောင့်မှန်းမသိ အပြောင်းအရွှေ့ကာလ မပိတ်သိမ်းမှီ အပြောင်းအရွှေ့ဖြစ်မြောက်အောင် မပြုလုပ်ခဲ့ပါဘူး ။
ဒါက ချဲလ်ဆီး အသင်းရဲ့ ဒီလပ် ဒဏ်ရာရရှိသွားတာကြောင့် တိုက်စစ်ပိုင်းပြဿနာကို အလျင်အမြန်ဖြည့်ဆည်းရမယ့် ချဲလ်ဆီးအသင်းရဲ့ ပြဿနာကြောင့်လည်း ဒီအပြောင်းအရွှေ့ကပျက်ပြယ်သွားတာပါ ။ အဲ့ချိန်တုန်းက ချဲလ်ဆီး အသင်းအနေနဲ့ သူတို့ရဲ့ တိုက်စစ်ကစားသမား နီကိုလပ် ဂျက်ဆင်ကို ပြန်လည်ခေါ်ယူခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့တာကြောင့် အသင်းတာဝန်ရှိသူတွေက မက်ဂူဟီ ကို ပြန်လည်ခေါ်ယူချင်ပြီး အန်ဇိုမာရက်စကာကတော့ တိုင်းရစ်ဂျော့ ကို အထောင်တိုက်စစ်နေရာမှာ ကစားဖို့အတွက် ဖူဟမ် အသင်းထံ ရောင်းချဖို့ကို ဖျက်သိမ်းလိုက်တာပဲဖြစ်ပါတယ် ။ တိုင်းရစ်ဂျော့ က ချဲလ်ဆီး အသင်းမှာ Role ပျောက်နေတဲ့ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ် ။ အထောင်တိုက်စစ်မှူးလိုလို ၊ ဘယ်တောင်ပံ လိုလို ၊ ညာတောင်ပံလိုလို နဲ့ အတော်လေးကို Role ပျောက်နေတာပါ ။ အန်ဇိုမာရက်စကာ ရဲ့ စိတ်ကြိုက်ကစားသမားဖြစ်တာကြောင့် ပွဲကစားချိန်မိနစ်တွေကတော့ ဒီနှစ်ဘောလုံးရာသီအထိ ရရှိနေတုန်းပဲဖြစ်ပါတယ် ။
ဒါပေမယ့် နောက်ရာသီမှာ ချဲလ်ဆီးအသင်းထံကို အီမန်ဂါ ၊ ဂွမ်တာ တို့လို အရည်အသွေးမြင့်ကစားသမားတွေ ရောက်ရှိလာမှာဖြစ်တာကြောင့် တိုင်းရစ်ဂျော့ အနေနဲ့ နောက်ရာသီအပြောင်းအရွှေ့ကာလမှာ အသင်းကထွက်ခွာရဖို့များပါတယ် ။ လက်ရှိအချိန်ထိလည်း တိုင်းရစ်ဂျော့ ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေက အများအပြားရှိနေပါတယ် ။ အချို့ကလပ်အသင်းတွေဆိုရင် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ တိုင်းရစ်ဂျော့ ကို ခေါ်ယူဖို့အတွက် ချဲလ်ဆီးထံ စုံစမ်းမှုတွေပြုလုပ်နေတာပဲဖြစ်ပါတယ် ။ ချဲလ်ဆီးအသင်းအနေနဲ့လည်း တိုင်းရစ်ဂျော့ ကို သူတို့မျှောင်လင့်ထားတဲ့ မြောက်များတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်ရရှိရင်တော့ ရောင်းချသွားနိုင်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#chelsea
#tyresegeorges
#winger
#premierleague
#football
最新消息
巴黎聖日耳曼有意簽下馬庫斯·拉什福德
伯恩茅斯 vs 切爾西(賽前預覽)
皇家馬德里長期以來一直對科納特感興趣,但由於他本賽季狀態不佳,最終放棄了他。
馬雷斯卡應該如何帶領本賽季紅牌頻傳的切爾西?