ချဲလ်ဆီး အသင်းအတွက် မျှော်လင့်ချင်စရာအကောင်းဆုံး ချာတိတ်လေးတစ်ယောက် ( သို့ )အက်စတာဗို ဝီလျံ
ချဲလ်ဆီး အသင်းအနေနဲ့ ပိုင်ရှင်အသစ် တော့ဘိုလေ တို့ အက်ဘာလေ တို့လက်ထက်မှာ ကစားသမားခေါ်ယူမှုပုံစံတွေ ၊ ကစားသမားရောင်းချတဲ့ ပုံစံတွေ အပြင် အခြားကိစ္စတော်တော်များများမှာလည်း ပုံစံတစ်မျိုးပြောင်းလဲသွားခဲ့တယ် ။ အရင် သူဌေး အီဗရာမိုဗစ် လက်ထက်မှာတုန်းကဆိုရင် ချဲလ်ဆီး အသင်းက ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့အတွက် ကောင်းလှပါတယ်ဆိုတဲ့ ကစားသမားတွေကို ငွေပုံပေးကာ ခေါ်ယူတက်တဲ့ အသင်းတစ်သင်းပဲဖြစ်ပါတယ် ။ ဒါပေမယ့် ဒီနောက်ပိုင်းနှစ် သူဌေးအသစ်တွေ လက်ထက်မှာတော့အရည်အသွေးမြင့်ပြီး အလားအလာကောင်းတွေ အများကြီး ပိုင်ဆိုင်ထားတဲ့ လူငယ်ကစားသမားတွေကိုသာ ပစ်မှတ်ထားဝယ်ယူခဲ့တယ် ။ အဲ့လို လူငယ်ကစားသမားများစွာကို ဝယ်ယူပြီး မိတ်ဖက် အသင်းတွေ အပြင် အခြားကလပ် အသင်းတွေကိုပါ အငှားချကာ လူငယ်ကစားသမားလေးတွေရဲ့ ခြေစွမ်းကိုစောင့်ကြည့်ခဲ့ကြတယ် ။ ခေါ်ယူထားတဲ့ ကစားသမားတွေထဲမှာ ကိုလ်းပါမား လို ပေါက်ပေါက်မြောက်မြောက် ဖြစ်မယ့် ကစားသမားတွေလည်း ပါဝင်သလို ၊ လူမသိသူမသိပဲ ပျောက်ကွယ်သွားခဲ့ရတဲ့ ကစားသမားတွေလည်း အများကြီးပါ ။
အဲ့ထဲမှာမှ ကိုလ်းပါမား လို မျှော်လင့်ချင်စရာကောင်းတဲ့ ကစားသမားလေးတစ်ယောက်က ဒီနှစ်ဘောလုံးရာသီမှာ ချဲလ်ဆီး အသင်းကို ရောက်ရှိလာခဲ့တယ် ။ အဲ့ဒီကစားသမားကတော့ ဆမ်ဘာသားလေး အက်စတာဗို ဝီလျံပဲ ။ ချဲလ်ဆီး အသင်းအနေနဲ့ အက်စတာဗို ဝီလျံ ကို လွန်ခဲ့တဲ့ နှစ်တွေကတည်းက အခြားသော ဥရောပအသင်းကြီးတွေနဲ့ ပြိုင်ဆိုင်ပြီး အက်စတာဗို ကို မြောက်များတဲ့ ပြောင်းရွှေ့ကြေးနဲ့ အရခေါ်ယူခဲ့တယ် ။ အသက် ၁၆ နှစ်အရွယ်သာရှိသေးတဲ့ ကစားသမားတစ်ယောက်ကို သန်း ၃၀ ကျော် နဲ့ ခေါ်ယူတယ်ဆိုတာ ချဲလ်ဆီး အသင်းအတွက် သိပ်ကို စွန့်စားရာကျတယ် ။ ဒါပေမယ့် အက်စတာဗို အနေနဲ့ ခက်ခဲပါတယ်ဆိုတဲ့ ပရီးမီးယားလိဂ်ကြီး ကို ရောက်ရောက်ချင်း ရာသီမှာပဲ သူ့ရဲ့ အရည်အချင်းကို ကောင်းကောင်းကြီး သက်သေပြနေတာကိုတွေ့မြင်ရတယ် ။ အန်ဇိုမာရက်စကာ အနေနဲ့ အက်စတာဗို ကို လုံလောက်တဲ့ ပွဲကစားချိန်မဟုတ်တောင် အမြဲလိုလို ကစားချိန်တစ်ချို့ပေးနေတာကိုလည်းတွေ့မြင်ရတယ် ။ ချဲလ်ဆီး အသင်း ဒီရာသီ ခေါ်ယူထားတဲ့ ကစားသမားတွေထဲမှာ အန်ဇိုမာရက်စကာ ယုံကြည်စိတ်ချပြီး ပွဲကစားချိန်များများစားစားပေးထားတဲ့ ကစားသမားတွေထဲမှာ အက်စတာဗို တစ်ယောက်ပါဝင်နေတယ် ။ အခြားကစားသမားတွေဖြစ်တဲ့ ဂျေမီ ဂစ်တန် ၊ ဂါနာချို တို့ထက် အက်စတာဗို က ပွဲကစားချိန်ပိုရရှိနေတယ် ။ ဒါကလည်း ကလပ်ကမ္ဘာ့ဖလားတောက်လျောက်မှာ အက်စတာဗို အနေနဲ့ အန်ဇိုမာရက်စကာစိတ်ကြိုက် ခြေစွမ်းကို ပြသနိုင်ခဲ့လို့ပဲ ။
အခုဆိုရင် ချဲလ်ဆီး အသင်းမှာ အရည်အသွေးပြည့်ဝပြီး ၊ မျှော်လင့်ချင်စရာကောင်းတဲ့ ကစားသမားတွေမှ တပုံကြီးပါ ။ အဲ့ထဲမှာမှ အက်စတာဗို ဝီလျံ က မျှော်လင့်ချင်စရာအကောင်းဆုံး ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ် ။ ကလပ် အသင်း အပြင် နိုင်ငံလက်ရွေးစင်အသင်းမှာပါ ပွဲထွက်ခွင့်တစ်နေရာကိုအပိုင်စားရရှိနေပြီး အသက်အရွယ် နဲ့ မလိုက်အောင် ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြနေတာပဲဖြစ်ပါတယ် ။ ဒီအရိုန် ၊ ဒီခြေစွမ်းတွေကိုသာ ဆက်လက်ထိန်းသိမ်းထားနိုင်တယ်ဆိုရင် အက်စတာဗို က ပရီးမီးယားလိဂ်မှာတောက်ပအုံးမယ့် နောက်ထပ် ကြယ်ပွင့်ကစားသမားတစ်ဦးပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#chelsea
#estevaowillian
#winger
#premierleague
#football
最新消息
巴黎聖日耳曼有意簽下馬庫斯·拉什福德
伯恩茅斯 vs 切爾西(賽前預覽)
皇家馬德里長期以來一直對科納特感興趣,但由於他本賽季狀態不佳,最終放棄了他。
馬雷斯卡應該如何帶領本賽季紅牌頻傳的切爾西?