အကောင်းမွန်ဆုံးခြေစွမ်းတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့ အာဆင်နယ် အသင်း
ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ဆုဖလားကို ဆွတ်ခူးနိုင်မယ်လို့ ပရိတ်သတ်တွေ ထင်ကြေးပေးခဲ့ကြတဲ့ အသင်းတွေထဲမှာ အာဆင်နယ် အသင်းလည်းပါဝင်နေပါတယ် ။ အာဆင်နယ် အသင်းက သူတို့ရဲ့ နည်းပြကြီး အာတီတာ ရဲ့ လက်အောက်မှာ အချိန်တစ်ခုကြာမြင့်နေပြီဖြစ်တာကြောင့် ကစားသမားတော်တော်များများက အာတီတာ သွားချင်နေတဲ့ ကစားပုံ ၊ ကစားကွက် စတဲ့ အပိုင်းတွေမှာ နားလည်မှုတော်တော်လေးကို မြင့်မားပါတယ် ။ ပြီးခဲ့တဲ့ ရာသီတွေကတည်း က အာတီတာ ရဲ့ အာဆင်နယ် အသင်းက ပရီးမီးယားလိဂ် ကို ဆွတ်ခူးနိုင်ဖို့အတွက် အခွင့်အရေးကောင်းတွေကို ပိုင်ဆိုင်ထားပေမယ့် မလိုလားအပ်တဲ့ အမှားတစ်ချို့ကြောင့် ပရီးမီးယားလိဂ် ဆုဖလားကြီးနဲ့ ဝေးကွာခဲ့ရတာပဲဖြစ်ပါတယ် ။ ဒီနှစ်ဘောလုံးရာသီမှာ အာဆင်နယ် အသင်းအနေနဲ့ အသင်းကို ကစားသမား အင်အားတောင့်တင်းစေဖို့အတွက် နဲ့ ဆုဖလားတွေကို ဒီရာသီမှာ အရသိမ်းပိုက်နိုင်ဖို့အတွက် အပြောင်းအရွှေ့ကာလမှာ အလွန်ကောင်းမွန်တဲ့ ကစားသမား ခေါ်ယူအားဖြည့်မှုတွေကို ပြုလုပ်ခဲ့ပါတယ် ။
အခြားပရီးမီးယားလိဂ် အသင်းတွေလည်း ကစားသမားခေါ်ယူမှုအတွက် ငွေးသုံးကြမ်းခဲ့ပေမယ့် လိုအပ်ချက်တွေရှိခဲ့ပါတယ် ။ ဥပမာပြောရရင် လီပါပူး အသင်း နဲ့ ချဲလ်ဆီး အသင်းကိုပဲကြည့်လေ ။ အပြောင်းအရွှေ့ကာလမှာ ကစားသမားခေါ်ယူမှုပေါင်းများစွာပြုလုပ်ပြီး ငွေသုံးကြမ်းခဲ့ပေမယ့် သူတို့အသင်းရဲ့ အားနည်းနေတဲ့ ဗဟိုခံစစ် နေရာတွေအတွက် ကစားသမားခေါ်ယူမှုတွေပြုလုပ်ဖို့အတွက် မေ့လျော့ခဲ့ကြတယ် ။ ဒါပေမယ့် အာဆင်နယ် အသင်းအနေနဲ့ကတော့ အားကောင်းပြီးသား သူတို့ရဲ့ ဗဟိုခံစစ် အတွက် ကစားသမားအားဖြည့်မှုတွေပြုလုပ်ခဲ့သလို အခြားလိုကိုလိုအပ်နေတဲ့ နေရာတွေအတွက်လည်း ထိုက်သင့်တဲ့ ကစားသမားဖြည့်တင်းမှုတွေကိုပြုလုပ်ခဲ့ကြတယ် ။ အစောကြီးကတည်း က ကောင်းမွန်တဲ့ အသင်းတစ်သင်းကို ဒီလို အားဖြည့်မှုတွေပြုလုပ်ပေးခဲ့တာကြောင့် ဒီရာသီ အာဆင်နယ် အသင်းအနေနဲ့ On Fire ဖြစ်နေတာပါ ။ အာဆင်နယ် အသင်း အနေနဲ့ တိုက်စစ်ကလည်း လိုအပ်တဲ့ဂိုးတွေကို ပွဲစဥ် တိုင်းလိုလို သွင်းပေးနိုင်သလို ၊ ကွင်းလယ် ပိုင်းကလည်း ပြောစရာမရှိလောက်အောင်ကောင်းမွန်ပါတယ် ။ ဒီရာသီ အာဆင်နယ် အသင်း အတိုးတက်လာဆုံးကတော့ ခံစစ်ကစားပုံပါတယ် ။ အာဆင်နယ် အသင်းရဲ့ ခံစစ် က သိပ်ကို မာကျောကျစ်လစ် ပြီး တစ်ဖက်ပြိုင်ဘက်တွေ ဖြိုခွင်းဖို့အတွက် တော်တော်လေးကို အခက်တွေ့နေတာပဲဖြစ်ပါတယ် ။
ဒီလို ကောင်းမွန်တဲ့ ကစားပုံတွေကြောင့် တွေ့တဲ့ အသင်းတိုင်းကို အလဲထိုးနိုင်သလို ၊ နိုင်ပွဲတွေလည်းဆက်နေတာပဲဖြစ်ပါတယ် ။ အာတီတာ ရဲ့ အာဆင်နယ် အသင်းက လက်ရှိချိန်အထိ အမှားနည်းတာထက် နည်းအောင် အကောင်းဆုံး စွမ်းဆောင်နိုင်ပြီး သူတို့ အရမ်းကို မက်မောနေတဲ့ ပရီးမီးယားလိဂ်ဆုဖလားကြီး ကို ဆွတ်ခူးဖို့အတွက်က ဒီရာသီ အကောင်းမွန်ဆုံးပဲဖြစ်ပါတယ် ။ အာတီတာ အနေနဲ့ သူတို့လက်ရှိပြသနေတဲ့ တည်ငြိမ်တဲ့ခြေစွမ်းတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ရင် ပရီးမီးယားလိဂ်ဆုဖလားကြီး ဆွတ်ခူးနိုင်ဖို့အတွက် အလားအလာကောင်းပါတယ် ။ ပရိတ်သတ်ကြီးရော ဘယ်လိုထင်လဲ အာဆင်နယ် အသင်းက ဒီနှစ်ပရီးမီးယားလိဂ်ဖလားကြီးကို ဆွတ်ခူးနိုင်မယ်ထင်လား ။ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#arsenal
#mikelarteta
#coach
#premierleague
#football
最新消息
巴黎聖日耳曼有意簽下馬庫斯·拉什福德
伯恩茅斯 vs 切爾西(賽前預覽)
皇家馬德里長期以來一直對科納特感興趣,但由於他本賽季狀態不佳,最終放棄了他。
馬雷斯卡應該如何帶領本賽季紅牌頻傳的切爾西?