ပွဲကြပ်ကာလ တစ်ခု ကို ခက်ခက်ခဲကျော်ဖြတ်ရအုံးမယ့် အာတီတာ

Published 2 ပတ် ခန့်က
Article
       ပွဲကြပ်ကာလ  တစ်ခု ကို ခက်ခက်ခဲကျော်ဖြတ်ရအုံးမယ့် အာတီတာ

အာတီတာ ကိုင်တွယ် နေတဲ့ အာဆင်နယ် အသင်းက လွန်ခဲ့တဲ့ ဘောလုံးရာသီတွေကတည်းက ပရီးမီးယားလိဂ် ဖလားကြီးကို ဆွတ်ခူးနိုင်ဖို့အတွက် အနီးစပ်ဆုံး အခြေအနေတစ်ခုကို နှစ်တိုင်းပိုင်ဆိုင်ခဲ့ပါတယ် ။ ဒါပေမယ့် မလိုလားအပ်တဲ့ အမှားတွေကြောင့်သာ ပရီးမီးယားလိဂ် ဖလားကြီး နဲ့ ဝေးကွာနေရတာပဲဖြစ်ပါတယ် ။ ဒီနှစ်ဘောလုံးရာသီမှာလည်း အာတီတာ ရဲ့ အာဆင်နယ် အသင်းက သိသိသာသာ ကို တိုးတက်ကောင်းမွန်လာခဲ့တယ် ။ သူတို့ အသင်း ရဲ့ အားသာချက်ဖြစ်တဲ့ Set Piece နဲ့ သွင်းဂိုးတွေ ပွဲစဥ်တိုင်း အရယူနိုင်ပြီး ကွင်းလယ် နဲ့ ခံစစ် ကို ပြီးခဲ့တဲ့ ရာသီတွေထက် ပိုမိုကျစ်လစ်မာကျောအောင် အသင်းကိုတည်ဆောက်ခဲ့တယ် ။ အခြား ပရီးမီးယားလိဂ် အသင်းကြီး တော်တော်များများ ခံစစ်ပြဿနာကြောင့် နိုင်ပွဲရဖို့ ရုန်းကန်နေရတဲ့ အချိန် အာဆင်နယ် အသင်းရဲ့ ခံစစ်ကတော့ တော်တော်လေးကို ကစားပုံကောင်းမွန်တယ် ။

ပရီးမီးယားလိဂ် ၁၁ ပွဲကစားပြီးတဲ့အချိန်မှာ ပေးဂိုးအနေနဲ့ ၅ ဂိုးသာခွင့်ပြုရသေးတယ် ။ ဒီအချက်ကိုကြည့်ရင် အာဆင်နယ် အသင်းရဲ့ ခံစစ်က ဘယ်လောက်မာကျောသလဲဆိုတာ သိရတယ် ။ ဒါပေမယ့် အာဆင်နယ် အသင်းရဲ့ အိမ်မက်ဆိုး ဖြစ်တဲ့ ဒီဇင်ဘာပွဲကြပ်ကာလ ကို ဖြတ်သန်းရမယ့် အချိန်အာဆင်နယ် အသင်းရဲ့ အဓိက မရှိမဖြစ် ကစားသမား အနည်းငယ်က ဒဏ်ရာပြဿနာကြောင့် ဒီဇင်ဘာလ ပွဲစဥ်တွေကို လွဲချော်ဖို့ရှိနေတာပဲဖြစ်ပါတယ် ။ ဂါဗရီရယ် က ဒီနှစ်ဘောလုံးရာသီမှာ အာဆင်နယ် အသင်းရဲ့ ခံစစ်ကို အဓိက ဦးဆောင်နေတဲ့ ကစားသမားဖြစ်တဲ့အပြင် အသင်းရဲ့ အားသာချက်ဖြစ်တဲ့ တည်ကန်ဘောတွေ ၊ ထောင့်ကန်ဘောတွေမှာလည်း အမြဲလိုလို သွင်းဂိုးရရှိအောင် စွမ်းဆောင်ပေးနေတာပဲဖြစ်ပါတယ် ။ ဒီလို ခံစစ်ကို ကျစ်လစ်မာကျော အောင် အဓိကဦးဆောင် နေတဲ့ အပြင် အသင်းအတွက် အမြဲလိုလို သွင်းဂိုးတွေ ရယူပေးနေတဲ့ ဂါဗရီရယ် လို ကစားသမားမျိုးကို ဒီလို ဒီဇင်ဘာပွဲကြပ်ကာလမှာ လက်လွှတ်လိုက်ရတာက သိပ်ကိုနှမြောဖို့ကောင်းပါတယ် ။ ပြီးတော့ တိုက်စစ် က ကိုင်ဟာဗတ် အနေနဲ့လည်း ဒဏ်ရာပြဿနာ က နေ ပြန်လည်ကောင်းမွန်လာဖို့ လေ့ကျင့်ခန်းတွေပြုလုပ်နေရင်းနဲ့ အရင် ဒူးဒဏ်ရာဟောင်း ပြန်လည်ရရှိသွားခဲ့ပြီး ဒီဇင်ဘာလအလယ်လောက်မှသာ အသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်တော့မှာပဲဖြစ်ပါတယ် ။

အခုချိန်မှာ ဂါဗရီရယ် ၊ မာတင်နယ်လီ ၊ ကိုင်ဟာဗတ် ၊ အိုဒီဂတ် ၊ မာဒူကီ ၊ ဂါဗရီရယ် ဂျီဆု စတဲ့ ကစားသမားတွေက အာဆင်နယ် အသင်းအတွက် ကစားပေးဖို့ မဖြစ်နိုင်သေးပါဘူး ။ နိုဝင်ဘာလကုန် နဲ့ ဒီဇင်ဘာ လအစပိုင်းလောက်မှသာ ကစားသမား အချို့က အသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်မှာပဲဖြစ်ပါတယ်။ ဒီလို အသင်းရဲ့ အကောင်းဆုံး လူစာရင်း မဟုတ်ပဲ အာတီတာ တစ်ယောက် ပွဲကြပ်ကာလ ကို ဖြတ်ကျော်သွားနိုင်မလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ် ။ ဒီပွဲကြပ်ကာလကို အာတီတာ တစ်ယောက်အကောင်းဆုံးဖြတ်ကျော်သွားနိုင်မလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။

#mmmedia

#arsenal

#arteta

#coach

#premierleague

#football

Leave a reply

💬 Join our Telegram
📢 မင်္ဂလာပါ !! Admin ဆီကို တိုက်ရိုက်ပေးပိုပြီး မေးမြန်နိုင်ပါတယ် ရှင် ...