တစ်ယောက်ထဲ တောက်ပနိုင်ပြီဖြစ်တဲ့ အာလင် ဟာလန်း
ဟာလန်း က ပက်ရဲ့ လက်အောက်မှာ မကစားခင် အချိန် ၊ ဒေါ့မွန်မှာ ခြေစွမ်းပြ နေတဲ့ အချိန်တွေကတည်းက တိုက်စစ်ပိုင်းမှာ အဆုံးအသတ်ပိုင်းတွေ နဲ့ ပတ်သတ်ပြီး ဘားမှ မေးခွန်းထုပ်စရာမလို တဲ့ ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ် ။ ဟာလန်း ဂိုးသွင်း ဘယ်လောက်ကောင်းတယ် ၊ အဆုံးသတ် ဘယ်လောက်သေချာလည်းဆိုတာကို အများကြီးပြောပြနေစရာလိုမယ် မထင်ပါဘူး ။ ဒါပေမယ့် ဒေါ့မွန်မှာကတည်းက ဟာလန်း တစ်ယောက် ဘောလုံးအထိန်းအသိမ်းတွေ ၊ link up play ကစားတာတွေက လိုအပ်ချက်ရှိတယ်ဆိုတာ ဒါလုံးမြင်ပြီးသားပါ ။ ဟာလန်း က သူ့ရဲ့ အားသာချက်ဖြစ်တဲ့ ခွန်းအားသုံးကာ ရုန်းကစားတက်တဲ့ ကစားသမားဖြစ်ပြီး ဂိုးသွင်းဖို့အတွက် အမြဲတမ်း အဆင်သင့်ဖြစ်နေတဲ့ ကစားသမားတစ်ယောက်ပါ ။ ဒါကြောင့်ပဲ ပက် ဂွာဒီယိုလာ အနေနဲ့ ဟာလန်း သူ့လက်ထဲကို ရောက်ရောက်ချင်းမှာပဲ ဟာလန်း ကစားရ ပိုမိုလွယ်ကူစေမယ့် system တစ်ခုပြောင်းပေးခဲ့တယ် ။
ဒီဘရိုင်း ၊ ဂရီးလစ် ၊ ဗာနာတို ဆေးဗား ၊ ဖိုဒန် တို့အနေနဲ့ ဟာလန်း အတွက် အများကြီး အထောက်အကူပေးနိုင်ခဲ့တယ် ။ဟာလန်း တိုက်စစ်မှာ လွတ်လွတ်လပ်လပ် ကစားနိုင်ဖို့ နဲ့ သွင်းဂိုးတွေ သွင်းယူနိုင်ဖို့အတွက် ဒီဘရိုင်း ရဲ့ လှပသေသပ် တဲ့ ဘောလုံးပေးပို့မှုတွေ ၊ ဂရီးလစ် ၊ ဗာနာတို ဆေးဗား ၊ ဖိုဒန် တို့ရဲ့ အလှုပ်အရွတွေ နဲ့ ဟာလန်းကို တော်တော်လေး ကူညီပေးခဲ့ကြတယ် ။ ပက် ရဲ့ လက်အောက်မှာ ဟာလန်း အနေနဲ့ ၂ ရာသီ လောက် ကစားပြီးတဲ့ အချိန်မှာတော်တော်လေး တိုးတက်လာခဲ့တယ် ။ ဒီဘရိုင်း ထွက်ခွာသွားပြီး နိုင်ပိုင်း ဟာလန်း အတွက် လှပသေသပ်တဲ့ ဂိုးဖန်တီးမှုတွေ နည်းပါးခဲ့တာကြောင့် ဟာလန်း အနေနဲ့ တော်တော်လေးရုန်းကန်ခဲ့ရတယ် ။ ဒါပေမယ့် ဒီနောက်ပိုင်းမှာ ဟာလန်း အနေနဲ့ သိသိသာသာကြီးကို တိုးတက်လာတာမြင်တွေ့ရတယ် ။ အရင်နှစ်တွေထက် ဘောလုံးကို ပိုမို ကိုင်ပြီး ကစားလာနိုင်သလို ၊ ဘောလုံး ဆုံးရှုံးမှု နည်းပါးသွားတာကိုလည်း တွေ့မြင်ရတယ် ။ အသင်းဖော်တွေအတွက် တိုက်စစ်မှာ Hold Up play ကောင်းကောင်းကြီး ကစားပေးနိုင်လာတယ် ။ အရင် ကလို မဟုတ်တော့ပဲ ဟာလန်း အနေနဲ့ တိုက်စစ်ပိုင်းမှာ တစ်ယောက်ထဲကို တော်တော်လေး ဒုက္ခပေးနိုင်တဲ့ အနေအထားကို ရောက်ရှိနေခဲ့ပြီ ။
ဟာလန်း က သူ့ရဲ့ အားနည်းချက်တွေကို အကောင်းဆုံးပြင်ဆင်နေတာကိုတွေ့မြင်ရတယ် ။ အစောကြီးကတည်း က သူ့ရဲ့ power ၊ သူ့ ရဲ့ Physical ၊ သူ့ ရဲ့ shooting တွေကြောင့် ပြိုင်ဘက် ခံစစ်ကစားတွေ ထိန်းသိမ်းဖို့ခက်ခဲနေတာ အခုလို အခြားလိုအပ်တဲ့ အပိုင်းတွေကို အကောင်းဆုံးပြင်ဆင်ပြီး တစ်ယောက်ထဲ ပြိုင်ဘက်ခံစစ်ကို ကောင်းကောင်းကြီး ချေမှုန်းပစ်နိုင်နေပြီဆိုတဲ့ အနေအထားမှာသာဆိုရင် ပြိုင်ဘက် ခံစစ်မှုးတွေ အတွက် ဟာလန်း က ဘယ်လောက်တောင်ကြောက်စရာကောင်းတဲ့ အိမ်မက်ဆိုးကြီးဖြစ်သွားမလဲ ။ အခုချိန်မှာ ဟာလန်း အနေနဲ့ အသင်းဖော်တွေကို ပြန်လည်ကူညီလာနိုင်သလို တစ်ယောက်ထဲလည်းတောင်ပနိုင်နေပြီဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#manchestercity
#pepguardiola
#coach
#erlinghaaland
#striker
#premierleague
LATEST NEWS
PSG interested in signing Marcus Rashford
Bournemouth Vs Chelsea (Match Preview)
Real Madrid have dropped Konate, who had been interested for a long time, after his poor form this season
What should a Maresca do for a Chelsea team that has seen so many red cards this season?