အဓိကကစားသမား(၂)ဦးမပါဝင်တာတောင်အသင်းကိုအကောင်းဆုံးတည်ဆောက်နေတဲ့ အန်ဇိုမာရက်စကာ
အန်ဇိုမာရက်စကာ ရဲ့ ချဲလ်ဆီး အသင်းက မနှစ်ကဘောလုံးရာသီပြီးဆုံးသွားတဲ့ အချိန်မှာ အောင်မြင်မှုတစ်ချို့ကို ရရှိခဲ့တယ် ။ ကွန်းဖရင့်လိဂ် ဖလား အပြင် ကလပ်ကမ္ဘာ့ဖလားကိုလည်း ရရှိခဲ့တယ် ။ ပြီးတော့ အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာကိုလည်း ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တယ် ။ ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီ မစခင်မှာပဲ အသင်းခံစစ် ကို အဓိက ဦးဆောင်မောင်းနှင်ပေးနေတဲ့ လီဗိုင်း ကိုလ်ဝဲလ် က ကစားသမားတိုင်းကြောက်ရတဲ့ ACL ဒဏ်ရာနဲ့ ကြုံတွေခဲ့ရပြီး ရာသီဝက်လောက် အနားယူခဲ့ရသလို ရာသီအစပိုင်းမှာပဲ အသင်းတစ်သင်းလုံးရဲ့ အကောင်းဆုံးကစားသမားလည်းဖြစ် ၊ အသင်းရဲ့ တိုက်စစ်အသက်သွေးကြောလည်းဖြစ်တဲ့ ကိုလ်းပါမား ကိုလည်း ဒဏ်ရာပြဿနာကြောင့် ၂လလောက် ဆုံးရှုံးခဲ့ရတယ် ။ လီဗိုင်းကိုလ်ဝဲလ် နေရာအတွက် အန်ဇိုမာရက်စကာ က ဗဟိုခံစစ်မှုး တစ်ယောက် ခေါ်ယူပေးဖို့ တောင်းဆိုခဲ့ပေမယ့် ချဲလ်ဆီး အသင်းတာဝန်ရှိသူတွေကတော့ လျစ်လျူရှုခဲ့ကြပါတယ် ။
အဲ့တာကြောင့် ချဲလ်ဆီး အသင်းရဲ့ ခံစစ် က မာကျောကျစ်လစ်မှု မရှိတော့ပဲ တော်တော်ကို ရုန်းကန်ခဲ့ရတာပဲဖြစ်ပါတယ် ။ ခံစစ်က မာကျောကျစ်လစ် မှု မရှိတဲ့အပြင် အသင်းရဲ့ တိုက်စစ်အသက်သွေးကြောဖြစ်တဲ့ ကိုလ်းပါမား ကပါ ၂ လလောက်အနားယူခဲ့ရတာကြောင့် အသင်းရဲ့ တိုက်စစ် က လည်း အနည်းနဲ့ အများရုန်းကန်ခဲ့ရတယ် ။ ကိုလ်းပါမား မပါဝင်တာကြောင့် ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူး ၂ ယောက်ဖြစ်တဲ့ ဂျာအို ပက်ဒရို နဲ့ လီယန် ဒီလပ် အနေနဲ့ တော်တော်လေးကို ရုန်းကန်ခဲ့ရတယ် ။ ကိုလ်းပါမား ပါဝင်တဲ့ အချိန် အသင်းရဲ့ အထောင်တိုက်စစ်မှူး ၂ ယောက်ဖြစ်တဲ့ ဂျာအို ပက်ဒရို နဲ့ လီယန် ဒီလပ် တို့က ကစားပေါက် ချောင်စေခဲ့ပြီး ကိုလ်းပါမား ရဲ့ မှော်ဆန်တဲ့ ဖန်တီးမှုတွေကြောင့်လည်း သူတို့ဂိုးသွင်းယူနိုင်ဖို့အတွက် လွယ်ကူစေခဲ့တယ် ။ ဒါပေမယ့် ကိုလ်းပါမား မပါဝင်တဲ့ အချိန် Low Block ၊ Mid Block ကို ကောင်းကောင်းကစားတက်တဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့ အချိန် ချဲလ်ဆီး အသင်းတိုက်စစ် က ရုန်းကန်ခဲ့ရတယ် ။ ဒီလို အသင်းရဲ့ အားထားရတဲ့ အဓိက ကစားသမား ၂ ဦးကို လက်လွှတ်ဆုံးရှုံးခဲ့ရပေမယ့် နည်းပြ အန်ဇိုမာရက်စကာ က အခြားထောက်တိုင် ကစားသမားတွေနဲ့သာ အဆင်ပြေသလို ရှေ့ဆက်ခဲ့ပြီး အကောင်းမွန်ဆုံး ရလဒ်တွေထွက်ပေါ်အောင် စွမ်းဆောင်နိုင်ခဲ့တယ် ။
အန်ဇိုမာရက်စကာ အနေနဲ့ ချန်ပီယံလိဂ်မှာလည်း သင့်တင့်တဲ့ နေရာတစ်နေရာကို အပိုင်စားရယူထားသလို ပရီးမီးယားလိဂ်မှာလည်း အဆင့် ၂ နေရာမှာရပ်တည်နိုင်ခဲ့တယ် ။ ဒီနောက်ပိုင်း ချဲလ်ဆီး အသင်းရဲ့ တိုက်စစ်က အားနည်းနေသေးပေမယ့် တောင်ပံ ကစားသမားတွေရဲ့ တိုးအား ၊ ရုန်းအား နဲ့ ဂိုးသွင်းအားကို အရင်ချိန်တွေကထက် ပိုမိုမြင်တွေ့ခဲ့ရသလို တဖြည်းဖြည်း နဲ့ အသင်းရဲ့ ခံစစ်ကလည်း အဆင်ပြေလာတာကို သတိထားမိတယ် ။ နောက်ပိုင်းပွဲစဥ်တွေမှာ Clean Sheet တွေလည်း ဆက်တိုက်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို ခက်ခဲတဲ့ ပွဲစဥ်တွေကိုလည်း အနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်ပါတယ် ။ အသင်းရဲ့ အဓိက ကစားသမား ၂ ကို မပါဝင်တဲ့ အချိန် အသင်းကို အကောင်းဆုံး ထမ်းတင်ပေးနေတဲ့ နည်းပြကြီး အန်ဇိုမာရက်စကာ ကို ချီးကျူးရမှာပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#chelsea
#levicolwill
#colepalmer
#midfielder
#premierleague
LATEST NEWS
PSG interested in signing Marcus Rashford
Bournemouth Vs Chelsea (Match Preview)
Real Madrid have dropped Konate, who had been interested for a long time, after his poor form this season
What should a Maresca do for a Chelsea team that has seen so many red cards this season?